Hello everyone, I am from Myanmar. Nice to meet you all. I will post an article with Myanmar language. I hope this is for new features. Can easily translate on google.
မင်္ဂလာပါ အားလုံး။ ဒီနေရာမှာ crypto နဲ့ပတ်သက်တာတွေပဲ တင်ကြတယ်နော်။ ကျွန်တော်ကတော့ ကျွန်တော့အတွေ့အကြုံလေးတွေ မျှဝေပေးချင်ပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံလေးတွေ မမျှပေးခင် ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါမယ်။
ကျွန်တော့် အမည် ဆီဇာဆုပိုင်မင်းပါ
အသက်က ၂၉ ပါ
မန်းတလေးကပါ။
ကျွန်တော်က အနုပညာကိုသဘောကျပါတယ်။ ဒါပေမဲ့ ပျော်ရာမှာမနေရ တော်ရာမှာနေရဆိုတဲ့အတိုင်း ကျွန်တော် အသက်မွေးဝမ်းကျောင်းလုပ်တာကတော့ တစ်ခြားအလုပ်ပါ။ IT technician ရယ် Merchant care ရယ်လုပ်ပါတယ်။ လောလောဆယ်တော့ ကျွန်တော် ကျွန်တော့်ရဲ့ မိဘတွေရှိတဲ့ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ကနစိုးကုန်းကျေးရွာမှာ ရောက်နေပါတယ်။ မန်းတလေးကိုပြန်ပီး အလုပ်လုပ်ဖို့အတွက် ကားလိုင်းတွေ ပြန်မဖွင့်သေးတာကြောင့် မပြန်ဖြစ်သေးပါဘူး။ ခုလိုပြန်လာဖြစ်တာကလည်း အဖေနေမကောင်းတာကြောင့် ပိုကြာကြာနေဖြစ်သွားပါတယ်။
ခုဒီမှာဆို ညမထွက်ရအမိန့်တွေရှိပါတယ်။ ည၁၀ နာရီနောက်ပိုင်းအပြင်မထွက်ရပါဘူး။ မနက်ဆိုလည်း ၅ နာရီ မထိုးခင်အပြင်မထွက်ရပါဘူး။ ရွာမှာတော့ အစားအသောက်တွေ လတ်လတ်ဆတ်ဆတ် စားရပါတယ်။ ကြက်သား ဝက်သား ခွေးသား ကြွက်သား ဘဲသား ငါး ပုဇွန် လိပ် စတာတွေ ရှိပါတယ်။ အမြဲစားရတာတော့မဟုတ်ဘူးပေါ့။ ဖမ်းကြတဲ့လူတွေ လာရောင်းတဲ့အခါ စားဖြစ်ပါတယ်။ ဒီနေ့တောင် ကြွက်ဟင်းပါ။ ဟဲဟဲ ကြွက်သားကလည်း ကြက်သားလိုပါပဲ။ စားလို့အရမ်းကောင်းပါတယ်။
အိမ်မှာတော့ ကြက်တွေ ဘဲတွေ မွေးထားပါတယ်။ အပင်တွေလည်းအများကြီးရှိပါတယ်။ သရက်ပင် ငှက်ပျောပင် သံပုရာပင် စတဲ့အပင်တွေအများကြီးရှိပါတယ်။ ငရုပ်ပင် သေးသေးလေးတွေလည်းရှိပါတယ်။
ကျွန်တော် crypto ကိုစလုပ်တာ ၂၀၁၃ ကတည်းကပါ။ အဲ့တုန်းက သေချာမသိပါဘူး။ ခုတော့ တော်တော်သိလာခဲ့ပါပီ။ သူက ရင်းနှီးမြုပ်နှံမှုလုပ်နိုင်ရင် ပိုရပါတယ်။ အလကားယူမယ်ဆိုလည်းရပါတယ်။ ဒါပေမဲ့ ကြာပါတယ်။ airdrop တွေလည်းရှိပေမဲ့ kyc တွေအောင်မှ အဆင်ပြေတာများပါတယ်။ နောက်ပီး မြန်မာနိုင်ငံကို အထောက်အပံ့မပေးတဲ့ airdrop တွေဆိုလုပ်လို့ အဆင်မပြေပါဘူး။ အဲ့ဒါကြောင့် တစ်ခုခု crypto နဲ့ပတ်သက်တာလုပ်ရမယ်ဆိုရင် သတိထားရပါတယ်။ သေချာလေ့လာရပါတယ်။ တကယ်withdraw လုပ်ရမှသာ တစ်ခြားသူတွေကို မျှဝေပေးပါတယ်။ ဒါကျွန်တော်လုပ်တဲ့ ပုံစံပါ။
အားလုံးပဲတွေ့ရတာဝမ်းသာပါတယ်။